ဗန်းမော်မှာ အော်ရီဒူးဖုန်းလိုင်း ယနေ့မနက် စတင်အသုံးပြုနိုင်
ဗန်းမော် - ၂၀၂၄ အောက်တိုဘာ ၄ (မော်ကွန်း)
ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည့် လေးလမြောက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ယနေ့ အောက်တိုဘာ ၄ ရက် မနက်မှ စတင်၍ ဖုန်းလိုင်းများ ရရှိနေပြီဖြစ်ကြောင်းဗန်းမော်ဒေသခံများထံမှ သိရသည်။

“လောလောဆယ် နှစ်မိုင်ကနေ မြို့ထဲအထိတော့ တောက်လျှောက်ဆက်လို့ရနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဖုန်းလိုင်းအသုံးပြုနိုင်ပြီဖြစ်သော်လည်း အင်တာနက်လိုင်း အသုံးပြုနိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။
ယခင်လများကလည်း တစ်လလျှင် ပျှမ်းမျှ နှစ်ရက် နှုန်းခန့်ဖြင့် MPT, Ooredoo နှင့် Atom ဖုန်းလိုင်းများနှင့် ဗန်းမော်မြို့မှ အခြားမြို့များသို့ မနက် ၄ နာရီနှင့် ၅ နာရီအကြားတွင် ဆက်သွယ်ကြရသည်။
ဗန်းမော်မြို့၌ ပြီးခဲ့သည့် ဇွန်လိုင်လဆန်းမှ စတင်ကာပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများ၏ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက် ကချင်ပြည်နယ်တစ်ခုလုံး ဆက်သွယ်ရေးဖြတ်တောက်ခံရသည့်အချိန်မှ စတင်ကာ ဆက်သွယ်ရေးအော်ပရေတာအသီးသီး၏ ဖုန်းနှင့် အင်တာနက်လိုင်းများလုံး၀ ဖြတ်တောက်ခံခဲ့ရသည်။
ထိုအချိန်မှစ၍ စစ်ကောင်စီပိုင် MECTel CDMA 800 MHzဖုန်းလိုင်း တစ်မျိုးတည်းသာ စစ်ကောင်စီ တပ်စခန်းများနှင့် အစိုးရ ရုံးအဖွဲ့များ အနီး၌ ရံဖန်ရံခါအသုံးပြုနိုင်ခဲ့သည်။
MECTel ဆင်းကတ်တစ်ကတ်လျှင် ကျပ်တစ်သိန်းခွဲမှ ကျပ်ငါးသောင်းအထိ ပေါက်ဈေးရှိသည်။
🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews