ဝါခေါင်လမှာ ပြုလုပ်တဲ့ ကရင်လက်ချည်ပွဲ (သို့မဟုတ်) ချည်ဖြူဖွဲ့မင်္ဂလာ
ကော်သူးလေ - ၂၀၂၄ ဩဂုတ် ၁၂ (မော်ကွန်း )
အခုရောက်ရှိနေတဲ့ ဝါခေါင်လဟာ ကရင်လူမျိုးတွေရဲ့ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပပြုလုပ်တဲ့လဖြစ်ပြီး လက်ချည်ပွဲလို့လည်း ခေါ်ကြပါတယ်။
ကော်သူးလေ ဒေသထဲမှာ လက်ချည်ပွဲတွေ ကျင်းပပြုလုပ်နေကြပြီး အခုမြင်တွေ့ရတဲ့ ပုံတွေကတော့ ကေအဲန်ယူတပ်မဟာ ၆ ထဲက လက်ချည်ပွဲတစ်ပွဲရဲ့ မြင်ကွင်းပါ။
တရုတ်-တိဗက်ဒေသကနေ ကရင်လူမျိုးတို့ ရေကြည်မြက်နုရာ ထွက်ခွာခဲ့ရာမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး လူမျိုးအချင်းချင်း မှတ်မိအောင် ချည်ဖြူဖွဲ့ပြီး အမှတ်အသားပြုလုပ်ခဲ့တာလို့ ကရင့်သမိုင်းတွေမှာ ဖော်ပြတယ်။
ဒါအပြင် ရောဂါဘေး၊ ကပ်ဆိုးတွေ၊ အန္တရာယ်တစ်ခုခုကြုံရချိန်တွေမှာလည်း ဘေးကင်းအောင် ချည်ဖြူဖွဲ့ပြီး ဆုတောင်းပေးတာမျိုးလည်း ရိုးရအရပြုလုပ်ကြပါတယ်။
ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ဖို့အတွက် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်း၊ ယောက်မ၊ ဆန်ကောတွေလိုအပ်ပါတယ်။
ပွဲစတင်ချိန်မှာ သက်ကြီးဝါကြီးသူတွေက လိပ်ပြာခေါ်ပြီး လက်ချည်မင်္ဂလာကို ပြုလုပ်ကြပါတယ်။
လက်ကောက်ဝတ်မှာ ပတ်ချည်ထားတဲ့ မင်္ဂလာချည်ဖြူမှာ အသက်ဝိဉာဉ်ဟာ တည်ရှိနေတဲ့အယူအဆဖြစ်ကာ မကောင်းဆိုးဝါးတွေရဲ့ ဝိဉာဉ်တွေ လာရောက်ပူးကပ်တဲ့အခါ မိမိရဲ့ဝိဉာဉ်ဟာ လွင့်စင်မသွားဘဲ အတူရှိနေဖို့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။
ဒီလက်ချည်ပွဲမှာတော့ လူကြီးသူမ၊ လူငယ်၊ လူရွယ်အချင်းချင်း လက်ချည်ပြုလုပ်ပေးကြပြီး လက်ချည်နေစဉ် ဆုတောင်းပေးကြပါတယ်။







🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews