ကော်သူးလေဒေသ၊ ကော့ကရိတ်မြို့နယ်၊ ရွာတစ်ရွာမှာ ဒီနေ့ပြုလုပ်တဲ့ သစ်သီးပွဲတော်ဖြစ်ပါတယ်။









နှစ်စဉ်နှစ်တိုင်း ဒီလိုကာလရောက်ရင် ပြုလုပ်နေကျ ဒေသဓလေ့ပွဲဖြစ်တစ်ခုဖြစ်သလို ပွဲမှာ ဒေသခံတွေရဲ့ ခြံတွေက ထွက်တဲ့ ရာသီစာ ဒူးရင်းသီး၊ နာနတ်သီး၊ မင်းဂွတ်သီး၊ ရေငန်းသီးစတဲ့ သီးနှံတွေကို လာရောက်ကြတဲ့ ဧည့်သည်တွေကို ကျွေးမွေးကြပါတယ်။
လာရောက်ကြသူတွေအနေနဲ့ ကျွေးမွေးတဲ့သီးနှံတွေကို အဖိုးအခပေးစရာမလိုဘဲ အဝအလင်စားသုံးလို့ရတဲ့အပြင် ပိုတဲ့သီးနှံတွေကို ပြန်လည်ယူဆောင်သွားလို့လည်းရပါသေးတယ်။
ဒီပွဲကို နှစ်စဉ် အနီးအနားက ရွာခြောက်ရွာဝန်းကျင်လောက်က စုပေါင်းကာ ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။