ကျော်ကြားတဲ့ မယ်နုအုတ်ကျောင်းအပါအဝင် အင်းဝရှေးဟောင်းနယ်မြေ စစ်ကိုင်းငလျင်ကြောင့်ပျက်စီး
အင်းဝ-၂၀၂၅ ဧပြီ ၇ (မော်ကွန်း)
စစ်ကိုင်း ငလျင်ကြောင့် အင်းဝ ရှေးဟောင်းနယ်မြေတစ်ခုလုံး ထိခိုက်ပျက်စီးသွားပါပြီ။






အင်းဝမြို့ဟောင်းအနီးကနေအိမ်တွေ ထိခိုက်မှုနည်းပေမယ့် နန်းတော်ရာ၊ နန်းမြင့်မျှော်စင်၊ နန်းမြို့ရိုး အပါအဝင် နာမည်ကျော်ဗိသုကာလက်ရာတွေကြောင့် ကမ္ဘာကျော်တဲ့ နန်းမတော်မယ်နု (၁၇၈၄-၁၈၄၀)ရဲ့ အုတ်ကျောင်းလည်း ပြိုကျခဲ့ပါတယ်။
ဒီကျောင်းတော်ကို ဘကြီးတော်မင်း(စစ်ကိုင်းမင်း)က ဆရာတော်ဦးဗုတ်ကို မယ်နုက လှူချင်တဲ့အတွက် တည်ဆောက်ပေးခဲ့တာလို့ ရာဇဝင်လာပါတယ်။
အခုတော့ နှစ်ရာချီကြာ ယဉ်ကျေးမှုတွေပျက်စီးသွားပါပြီ။
အောက်ပါ ဓါတ်ပုံတွေကတော့ အင်းဝရှေးဟောင်းနယ်မြေက ငလျင်ဒဏ်သင့်ပုံတွေ ဖြစ်ပါတယ်။